ရန်ကုန်တက္ကသိုလ်လှေလှော်အသင်းသမိုင်း

လှေလှော်ခတ်ခြင်းသည် မြန်မာလူမျိုးများအဖို့ ရိုးရာအမွေအနှစ်တစ်ရပ်ဟုဆိုနိုင်ပါသည်။ ရှေးမြန်မာတို့သည် ပုဂံခေတ်ကပင်ရေကြောင်းခရီးတွင်လှေလောင်းများဖြင့်သွားလာကျင်လည်ခဲ့ကြသည်။
ရှေးမြန်မာမင်းများလက်ထက်တွင်လက်သင်လှေ၊ပြိုင်လှေ၊မင်းသုံးလှေစသည်တို့ ဖြင့်အသီးသီးရှိခဲ့ရာလှေလှော်ခေတ်ခြင်းမှာ မြန်မာတို့ အတွက်သွေးမဝေးလှဟုဆိုနိုင်ပါသည်။

နှစ် ၉၀ ပြည့် ရန်ကုန်တက္ကသိုလ်လှေလှော်အသင်း

ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ၇ ရက်နေ့တွင် မြန်မာပြည်လက်ထောက်ဘုရင်ခံဆာရယ်ဂျီနယ်ကရက်ဒေါက်က စတင်ဖွင့်လှစ်ခဲ့သည်။ရန်ကုန်တက္ကသိုလ်ပေါ်ေါက်လာခဲ့ပြီးနောက်၃ နှစ်အကြာ ၁၉၂၃ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်တက္ကသိုလ်လှေလှော်အသင်းကို စတင်တည်ထောင်ခဲ့ရာ ယခုအခါ အနှစ် (၉၀)ပြည့်မြောက်ပြီဖြစ်ပါသည်။

ရန်ကုန်တက္ကသိုလ်လက်ရွေးစင်လှေလှော်အသင်း

အသင်းသားဟောင်းများ၏ လှုပ်ရှားမှုဓာတ်ပုံများ

၁၉၈၂ မနီလာအရှေ့တောင်အာရှလှေလှော်ပြိုင်ပွဲ

ဒေါက်တာသန်းတိုး

ဟောင်ကောင်လှေလှော်ပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်းအဖို့ ပွဲဦးထွက်ပြိုင်ပွဲဖြစ်သောကြောင့် ဗိုလ်စွဲအနိုင်ရပွဲများနည်းပါးခဲ့ကာ ဒုတိယဆုများဖြင့်သာကျေနပ်နှစ်သိမ့်ခဲရပေသည်။

Read More >>

 

၁၉၈၅ ခုနှစ် ရန်ကုန်တက္ကသိုလ်များလှေလှော်ပြိုင်ပွဲ

စိုးစိုး

တက္ကသိုလ်များလှေလှော်အသင်းမှကြီးမှူး၍ရန်ကုန်တက္ကသိုလ်များလှေလှော်ပြိုင်ပွဲကို ၁၉၈၅ ခု၊ ဇူလိုင်လ ၆ ရက်နေ့ နံနက် ၈ နာရိတွင်ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်းအင်းယားကန်တွင်ကျင်းပခဲ့သည်။

 Read More >>

အားမာန်ဇွဲဖြင့် ယှဉ်ပြိုင်နွဲ့သည့် တက္ကသိုလ်များလှေလှော်ပြိုင်ပွဲ

တက္ကသိုလ်ဟန်စိန်

ယခုနှစ်ကျင်းပပြုလုပ်သောရန်ကုန်တက္ကသိုလ်များလှေလှော်ပြိုင်ပွဲသို့ ရန်ကုန်တက္ကသိုလ် (ပင်မ) ရန်ကုန်တက္ကသိုလ် (လှိုင် ၊ကြည့်မြင်တိုင်၊ဗိုလ်တထောင်)၊စီးပွားရေးတက္ကသိုလ်၊စက်မှုတက္ကသိုလ်နှင့် ဆေးတက္ကသိုလ်(၁)အသင်းတို့ ပါဝင်လှော်ခတ်ကြသည်ကိုတွေ့ရသည်။

 Read More >>